နောက်ဆုံး ရေးသားချိန် 16 မေလ 2010 - 16:00 GMT

မိုဘီဂျီနို နဲ့ ရုပ်သံကျောင်းသား

မီဒီယာ ပလေးယား

မိုဘီဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီနေ့ကမ္ဘာမှာ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် (Mobile Generation) ကို ရည်ရွယ်ပြီး မိုဘီဂျီနိုကဏ္ဍကနေ အစီအစဉ်သစ်တွေကို အပတ်စဉ် တနင်္ဂနွေနဲ့ အင်္ဂါနေ့ညတိုင်း ထုတ်လွင့်ပေးတာပါ။

ဒီတစ်ပတ်အစီအစဉ်မှာတော့ . . .

aungmoewin

ရုပ်သံနဲ့ အနုပညာဖန်တီးမှုပညာရပ်ကို သင်ကြားနေတဲ့ ကိုအောင်မိုး

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကွန်ပျူတာနဲ့ အနုပညာတွေ ဖန်တီးဖို့ လုပ်နေတဲ့ ကျောင်းသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ခတ်မှာ သုံးဘက်မြင် 3 D နည်းပညာတွေ၊ ရုပ်ပုံလေးတွေကို ကွန်ပျူတာနဲ့ လှုပ်ရှားခိုင်းတဲ့ Animation ပညာတွေ၊ ဟာ ရုပ်ရှင်မှာရော၊ တီဗီမှာရော၊ ပန်းချီ ဓာတ်ပုံ ကြော်ငြာ စတဲ့ ဖန်တီးမှု အနုပညာရပ်အများ အပြားမှာ ထည့်သွင်းအသုံးပြုနေကြပါတယ်။

avatar

Avatar ရုပ်ရှင်ကားမှာ ရုပ်သံ အထူးပြုလုပ်ချက်တွေကို အံ့မခန်းမြင်ရပါတယ်

မကြာခင်လပိုင်းတွေက ပြသသွားတဲ့ Avatar ရုပ်ရှင်ကားကို ကြည့်ရင်ပဲ ဒီနည်းပညာတွေရဲ့ အဆင့်မြင့်မားလာမှုကို သိသိသာသာ မြင်နိုင်ပါတယ်။ ဒီလို နည်းပညာတွေကို စိတ်ဝင်စားပြီး သင်ယူနေတဲ့ မြန်မာ ကျောင်းသား တစ်ဦးကတော့ ကိုအောင်မိုးပါ။

ဒီပညာနဲ့ အနုပညာဖန်တီးမှုတွေ လုပ်ချင်သလို ရလာမယ့်ပညာရပ်တွေကိုလည်း အာရှနဲ့ မြန်မာနိုင်ငံတွေဘက်မှာ ဝေမျှသင်ကြား ပေးချင်တယ်လို့ ကိုအောင်မိုးက ပြောပါတယ်။

new york

နယူးယော့ခ်မြို့မှာလည်း ခတ်သစ်အနုပညာပြပွဲတွေ အများကြီးရှိတယ်

သောတရှင်တို့မှာလည်း ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းရာတွေ ရှိရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ပါဝင် ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင်တော့ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း ရန်ကုန်မြို့ကို ပေးပို့နိုင်ပါတယ်။

အီမေးလ်နဲ့ဆိုရင်တော့ burmese@bbc.co.uk ဆီကို ပေးပို့နိုင်ကြပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့လည်း ဝေဖန်အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။

အောက်မှာရှိတဲ့ ကွက်လပ်တွေဖြည့်ပြီးတော့လည်း ကိုယ့်ရဲ့ ဝေဖန်အကြံပြချက်တွေကို ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno အစီအစဉ်တွေ ပြန်နားထောင်မယ်ဆိုရင်

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။